Psalms 52:7
``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Judges 5:27သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။ သူသည်မြေပေါ်သို့လဲကျကာယေလ၏ခြေရင်း၌ သေလျက်နေ၏။
Psalms 49:6ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကို ယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
Psalms 73:7သူတို့၏စိတ်နှလုံးမှမကောင်းမှုများကို ထုတ်ဖော်၍ သူတို့၏စိတ်သည်ယုတ်မာသည့်အကြံအစည် များကိုတွေးတောလျက်နေကြ၏။
Psalms 146:3လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။ အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။
Ecclesiastes 8:8နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။
Jeremiah 17:5ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။