The Bible Software
Psalms · Common Language Bible

Psalms 54

1အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​၏​အာ​နု​ဘော် အား​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။

2ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထနာ​ကို ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တောင်း​လျှောက်​သော​စကား​တို့​ကို နား​ထောင်​တော်​မူ​ပါ။

3မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​ရန်​လာ​ကြ​ပါ​ပြီ။ ဘု​ရား​ကို​ပ​မာ​ဏ​မ​ပြု​သည့် ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​သည်​ကျွန်​တော်​မျိုး အား သတ်​ရန်​ကြိုး​စား​ကြ​ပါ​၏။

4သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကူ​မ​တော် မူ​သော အ​ရှင်​ဖြစ်​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် ဖြစ်​၏။

5ငါ​၏​ရန်​သူ​တို့​၏​ဆိုး​ညစ်​မှု​သည်​သူ​တို့​အား ပြန်​လည်​၍​ဒဏ်​ခတ်​စေ​ရန်​ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​အား​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့် မည်။

6အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဝမ်း​မြောက်​စွာ​ယဇ်​ပူ​ဇော်​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​မည်။

7ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့် ကြ​သည်​ကို တွေ့​မြင်​ရ​ပါ​ပြီ။

← Psalms 53Read In The App, Free →Psalms 55 →

Study Psalms 54

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150