Psalms 55:17
ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
Common Language Bible
In The King James Version
Evening, and morning, and at noon, will I pray, and cry aloud: and he shall hear my voice.
In Context
Cross References
Psalms 5:2ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား၊ ကူမတော်မူရန် ကျွန်တော်မျိုးဟစ်အော်တောင်းလျှောက်သည်ကို နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ဆုတောင်း ပတ္ထနာပြုပါသည်။
Psalms 77:2ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။ တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
Psalms 92:2ချိုသာနာပျော်ဖွယ်သောစောင်းသံနှင့်တကွ ကြိုးတပ်တူရိယာသံတို့ဖြင့် နံနက်တိုင်းကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုဖော်ကူး၍ ညဥ့်တိုင်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာရခြင်းသည်လည်းကောင်း လျောက်ပတ်လှပါ၏။
Psalms 119:147ကူမတော်မူရန်ကွန်တော်မျိုးသည်နေမထွက်မီ ကိုယ်တော်ရှင်ကိုဟစ်ခေ"ပါ၏။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကတိတော်တို့ကိုမှော်ကိုးပါ၏။
Lamentations 3:8ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်း ဘုရားသခင်သည်နားထောင်တော်မမူ။
Daniel 6:13ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။