Psalms 55:2
ကျွန်တော်မျိုးတောင်းလျှောက်သည်ကို နားထောင်တော်မူ၍ထူးတော်မူပါ။ ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်မှုများဖြင့် အားအင်ကုန်ခန်းလျက်နေပါ၏။
Common Language Bible
In The King James Version
Attend unto me, and hear me: I mourn in my complaint, and make a noise;
In Context
Cross References
Psalms 17:1အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။
Psalms 38:6ကျွန်တော်မျိုးသည်မချိမဆန့်ဝေဒနာခံ၍ နေရပါ၏။ တစ်နေ့လုံးပင်ပူဆွေးငိုယိုလျက်နေရပါ၏။
Psalms 64:1အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်ရန်သူများကိုကြောက်လန့်၍ နေပါ၏။ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။
Psalms 77:3ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။ လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
Isaiah 38:14ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
Lamentations 3:56ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန် ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍