Psalms 55:9
အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
Common Language Bible
In The King James Version
Destroy, O Lord, and divide their tongues: for I have seen violence and strife in the city.
In Context
8ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့် မိုးသက်မုန်တိုင်းတို့မှအကာအကွယ်ကိုရှာမည်။
Cross References
Genesis 11:7ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။-
2 Samuel 17:1အဟိသောဖေလက``အကျွန်ုပ်သည်လူ တစ်သောင်းနှစ်ထောင်ရွေးချယ်၍ ဒါဝိဒ် နောက်သို့ယနေ့ညဥ့်ပင်လိုက်ပါရစေ။-
Jeremiah 23:14သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
John 7:45အစောင့်တပ်သားများသည်ယဇ်ပုရောဟိတ်ကြီး များနှင့်ဖာရိရှဲများထံသို့ပြန်လာကြသော အခါ သူတို့က ``အဘယ်ကြောင့်ထိုသူ့ကိုသင် တို့ဖမ်းဆီးခေါ်ဆောင်၍မလာကြသနည်း'' ဟုမေးကြ၏။