The Bible Software
bible.software › Psalms › Psalms 56 › Psalms 56:12

Psalms 56:12

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​သစ္စာ​က​တိ ပြု​ခဲ့​သည့်​အ​တိုင်း​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​မည်။

Common Language Bible

In The King James Version

Thy vows are upon me, O God: I will render praises unto thee.

In Context

11ငါ​သည်​ကိုယ်​တော်​ကို​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။

13အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ခဲ့​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည် အ​သက်​ရှင်​သူ​တို့​၏​အ​လင်း​ထဲ​မှာ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​သွား​လာ​ပါ​၏။

Read all of Psalms 56

Cross References

Genesis 35:1ဘု​ရား​သ​ခင်​က​ယာ​ကုပ်​အား``ဗေ​သ​လ​အ​ရပ် သို့​ယ​ခု​သွား​၍​နေ​ထိုင်​လော့။ သင်​၏​အစ်​ကို ဧ​သော​ရန်​ကို​ကြောက်​၍​ထွက်​ပြေး​နေ​ရ​စဉ်​က သင်​ဖူး​တွေ့​ရ​သော​ငါ​ဘု​ရား​အ​တွက်​ပူ​ဇော် ရာ​ယဇ်​ပလ္လင်​ကို​တည်​လော့'' ဟု​မိန့်​တော်​မူ ၏။

1 Samuel 1:11ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။

Psalms 9:1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​ပါ​မည်။

Psalms 50:14ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင် ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။

Psalms 66:13ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။

Psalms 116:14ငါ​သည်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ခဲ့ သည့်​အ​တိုင်း ကိုယ်​တော်​၏​လူ​စု​တော်​စု​ဝေး​ရာ​တွင် မိ​မိ​၏​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 56:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 56:11Psalms 56Psalms 56:13 →