The Bible Software
bible.software › Psalms › Psalms 59 › Psalms 59:13

Psalms 59:13

ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။

Common Language Bible

In The King James Version

Consume them in wrath, consume them, that they may not be: and let them know that God ruleth in Jacob unto the ends of the earth. Selah.

In Context

12သူ​တို့​၏​နှုတ်၊သူ​တို့​ပြော​ဆို​သ​မျှ​သော​စ​ကား အား​ဖြင့် အ​ပြစ်​ကူး​ကြ​ပါ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​မာန်​မာ​န​ကျော့​ကွင်း​တွင်​ပင် မိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​ကျိန်​ဆဲ​၍​မု​သား​စ​ကား​ကို ပြော​ဆို​တတ်​ကြ​သ​ဖြင့်

14ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​မြို့​ထဲ​သို့ ည​ဦး​ယံ​တွင်​ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့ မာန်​ဖီ​ကာ​လှည့်​လည်​ကြ​ပါ​၏။

Read all of Psalms 59

Cross References

Numbers 32:13ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​အ​လို ကို​ဆန့်​ကျင်​သော​အ​မျိုး​ဆက်​တို့​သေ​ဆုံး ကုန်​ကြ​သည်​အ​ထိ​သူ​တို့​ကို​တော​ကန္တာ​ရ ၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး​လှည့်​လည်​နေ စေ​တော်​မူ​၏။-

Deuteronomy 7:22ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​နေ​စဉ် ထို​လူ မျိုး​များ​ကို​တ​ဖြည်း​ဖြည်း​နှင်​ထုတ်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​သူ​တို့​အား​လုံး​ကို ချက်​ချင်း​မ​ပယ်​ရှင်း​နှင့်။ ချက်​ချင်း​ပယ်​ရှင်း လျှင် သား​ရဲ​တိရစ္ဆာန်​တို့​သည်​များ​ပြား​လာ​၍ သင်​တို့​ကို​အန္တရာယ်​ပြု​လိမ့်​မည်။-

1 Kings 18:36ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။-

Psalms 7:9ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင်​ဆန္ဒ​များ​ကို​လည်း​စစ်​ဆေး​တော်​မူ​ပါ​၏။ သူ​ယုတ်​မာ​တို့​၏​ဆိုး​ညစ်​မှု​ကို​ဆီး​တား​တော်​မူ​လျက်၊ သူ​တော်​ကောင်း​တို့​အား​ကောင်း​ကျိုး​ကို​ပေး​သ​နား​တော်​မူ​ပါ။

Psalms 46:10ကိုယ်​တော်​က``တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​လော့၊ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း၊ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ဘု​ရား​ဖြစ်​တော်​မူ​သည်​ကို​သိ​မှတ်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

Psalms 64:9ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​လန့်​လျက် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို ဆင်​ခြင်​ကာ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​များ အ​ကြောင်း​ကို ပြော​ကြား​ကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 59:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 59:12Psalms 59Psalms 59:14 →