Psalms 6:7
ရန်သူများကြောင့်ငိုယိုရသဖြင့်ကျွန်တော် မျိုး၏ မျက်စိများသည်ရောင်လျက်ရှိပါ၏။ ကြည့်၍ပင်မမြင်နိုင်ပါ။
Common Language Bible
In The King James Version
Mine eye is consumed because of grief; it waxeth old because of all mine enemies.
In Context
Cross References
Job 7:3ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်း အတာ ဖြစ်၏။
Psalms 31:9ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိသဖြင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ များစွာငိုကြွေးရသဖြင့်ကျွန်တော်မျိုး၏ မျက်စိများသည်ကျိန်းစပ်လျက်နေပါ၏။ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝကုန်ခန်းလျက်နေပါပြီ။
Psalms 38:10ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။
Psalms 88:9ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
Lamentations 5:17ကျွန်တော်မျိုးတို့သည်စိတ်ပျက်၍ မျက်ရည်များဝိုင်းလျက်နေသဖြင့် ကျွန်တော်မျိုးတို့၏မျက်စိများသည် ကြည့်၍မမြင်နိုင်တော့ပါ။