Psalms 60:1
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 4:17သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။
1 Samuel 13:11ရှမွေလက``သင်သည်အဘယ်သို့ပြုသနည်း'' ဟုမေး၏။ ရှောလုက``လူတို့သည်အကျွန်ုပ်ထံမှစွန့်ခွာ ထွက်ပြေးလျက်နေကြပါ၏။ အရှင်သည်ချိန်း သောအချိန်၌မပေါ်လာပါ။ ထို့အပြင် ဖိလိတ္တိအမျိုးသားတို့သည်မိတ်မတ်မြို့ တွင်စုရုံးလျက်ရှိနေကြပါ၏။-
1 Samuel 31:1ဂိလဗောတောင်ပေါ်တွင်ဖိလိတ္တိအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့တိုက်ပွဲ ဖြစ်ရာ ဣသရေလအမျိုးသားအများ အပြားကျဆုံးကြ၏။ ကျန်သောသူတို့ သည်ထွက်ပြေးကြ၏။-
2 Samuel 8:3ထိုနောက်ရဟောဘ၏သားဇောဘဘုရင် ဟာဒဒေဇာသည် အထက်ဥဖရတ်မြစ် အနီးရှိနယ်မြေကိုပြန်လည်သိမ်းပိုက် ရန်သွားတိုက်စဉ်ဒါဝိဒ်သည်သူ့အား နှိမ်နင်းတော်မူ၍၊-
2 Samuel 8:13ဒါဝိဒ်သည်ဆားချိုင့်ဝှမ်းမှဧဒုံပြည်သား တစ်သောင်းရှစ်ထောင်ကို သုတ်သင်ရာမှပြန် လာသောအခါပို၍ပင်ထင်ပေါ်ကျော် ကြား၍လာလေသည်။-
2 Samuel 10:16ဟာဒဒေဇာမင်းသည်ဥဖရတ်မြစ်အရှေ့ ဘက်ရှိရှုရိပြည်သားတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ဟာဒဒေဇာမင်း၏ဗိုလ်ချုပ် ရှောဗက်ကွပ်ကဲလျက်ဟေလံမြို့သို့ရောက် ရှိလာလေသည်။-