Psalms 61:4
ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏တဲတော်တွင် တစ်သက်လုံးနေခွင့်ကိုပေးတော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်တွင် ဘေးမဲ့လုံခြုံစွာခိုလှုံခွင့်ကိုပေးတော်မူပါ။
Common Language Bible
In The King James Version
I will abide in thy tabernacle for ever: I will trust in the covert of thy wings. Selah.
In Context
Cross References
Ruth 2:12ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။
Psalms 17:8ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
Psalms 27:4ထာဝရဘုရားအားငါတောင်းလျှောက်လို သောဆု၊ ငါလိုချင်တောင့်တသောဆုတစ်ခုတည်းရှိ၏။ ထိုဆုကားဘုရားသခင်၏အိမ်တော်တွင် တစ်သက်လုံးနေရ၍ကျေးဇူးတော်ကို ချီးမွမ်းအံ့သြလျက် ကိုယ်တော်၏လမ်းပြမှုကိုတောင်းခံနိုင်ခွင့် ပင်ဖြစ်၏။
Psalms 61:7အို ဘုရားသခင်၊ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ် အုပ်စိုးစေတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်အားဖြင့် သူ့အားကာကွယ်စောင့်ထိန်းတော်မူပါ။
Psalms 63:7အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
Psalms 91:1ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊