Psalms 62:2
ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
Common Language Bible
In The King James Version
He only is my rock and my salvation; he is my defence; I shall not be greatly moved.
In Context
Cross References
Deuteronomy 32:30လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
Psalms 21:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
Psalms 37:24ထာဝရဘုရားသည်သူတို့အား ကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
Psalms 59:9ကျွန်တော်မျိုးသည်ကိုယ်တော်၏တန်ခိုးကို ယုံကြည်ကိုးစားပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။
Psalms 62:6ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက် တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
Psalms 89:26သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။