Psalms 63:1
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 15:2ထာဝရဘုရားသည်ငါ၏ခွန်အားကြီးသော အကာအကွယ်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည်ကိုယ်တော်အားထောမနာပြုပါမည်။ ကိုယ်တော်သည်ငါ့အဖ၏ဘုရားသခင် ဖြစ်တော်မူ၍ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ကူးရင့်သီဆိုပါမည်။
1 Samuel 22:5ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။
1 Samuel 23:23သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။
1 Samuel 26:3ဟခိလတောင်ပေါ်လမ်းအနီးတွင်တပ်စခန်း ချ၏။ ထိုအချိန်၌ဒါဝိဒ်သည်တောကန္တာရ တွင်ပင်ရှိ၍ မိမိအားရှာဖွေရန်ရှောလုတော ကန္တာရထဲသို့ရောက်ရှိလာသည့်သတင်း ကိုကြားသောအခါ၊-
1 Chronicles 16:14ထာဝရဘုရားသည်ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်၏ပညတ်တော်တို့သည် ကမ္ဘာတစ်ဝန်းလုံးအတွက်ဖြစ်၏။
Psalms 5:3ကိုယ်တော်သည်နံနက်ချိန်၌ကျွန်တော်မျိုး၏ ပတ္ထနာသံကိုကြားပါ၏။ နေထွက်ချိန်၌ကျွန်တော်မျိုးဆုတောင်း၍ ကိုယ်တော်၏အဖြေကိုစောင့်မျှော်ပါ၏။