Psalms 63:5
ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 17:15ကျွန်တော်မျိုးသည်အပြစ်မကူးလွန်ခဲ့သဖြင့် ကိုယ်တော်ရှင်ကိုဖူးမြင်ရပါလိမ့်မည်။ ကျွန်တော်မျိုးအိပ်ရာမှနိုးထသောအခါ၌ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်အတူရှိတော် မူသဖြင့် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မည်။
Psalms 43:4ထိုအခါ အို ဘုရားသခင်၊ကျွန်တော်မျိုးသည် ယဇ်ပလ္လင်တော်သို့ချဉ်းကပ်ပါမည်။ ကျွန်တော်မျိုးသည်အထံတော်မှရွှင်လန်း ဝမ်းမြောက်ခြင်းကိုခံယူရရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်အား စောင်းတီးလျက်ချီးမွမ်းထောမနာပြုပါမည်။
Psalms 71:23ကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။
Psalms 104:33ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
Psalms 118:14ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
Psalms 135:3ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။