Psalms 64:1
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်ရန်သူများကိုကြောက်လန့်၍ နေပါ၏။ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။
Common Language Bible
In The King James Version
Hear my voice, O God, in my prayer: preserve my life from fear of the enemy.
In Context
Cross References
Psalms 27:7အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးခေါ်သောအခါ ထူးတော်မူပါ။ ကရုဏာထားတော်မူ၍ထူးတော်မူပါ။
Psalms 34:4ငါသည်ထာဝဘုရားအား ဆုတောင်းပတ္ထနာပြုသည့်အခါကိုယ်တော်သည် နားညောင်းတော်မူ၏။ ကြောက်လန့်ဖွယ်ရာဟူသမျှမှငါ့ကို ကယ်နုတ်တော်မူ၏။
Psalms 56:2ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။
Psalms 140:1အို ထာဝရဘုရား၊ ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။
Psalms 143:1အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
Acts 18:9တစ်ညသ၌ပေါလုသည် ဗျာဒိတ်ရူပါရုံကို မြင်၏။ ဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားက ``ငါသည်သင်နှင့်အတူရှိသည်ဖြစ်၍မ ကြောက်နှင့်။ ဆက်လက်ဟောပြောလော့။ လက် မလျှော့နှင့်။-