The Bible Software
Psalms · Common Language Bible

Psalms 67

1အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​ပါ။ က​ရု​ဏာ​စိတ်​နှင့်​ကျွန်​တော်​မျိုး​တို့​အား ကြည့်​တော်​မူ​ပါ။

2သို့​မှ​သာ​လျှင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း တို့​သည် ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို​သိ​ကြ​ပါ လိမ့်​မည်။

3အို ဘု​ရား​သ​ခင်၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

4ကိုယ်​တော်​ရှင်​သည်​လူ​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။

5အို ဘု​ရား​သ​ခင်၊ လူ​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​စေ​သော။

6မြေ​ကြီး​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ပွား​စေ​ပြီ။ ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပြီ။

7ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပြီ။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။

← Psalms 66Read In The App, Free →Psalms 68 →

Study Psalms 67

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150