Psalms 68:16
ကြီးမားသည့်တောင်ထိပ်များမှသင်သည် အဘယ်ကြောင့်ဘုရားသခင်ကိန်းဝပ်တော် မူရန် ရွေးချယ်ထားသည့်တောင်တော်ကိုမထီလေးစား စိတ်ဖြင့်ကြည့်ပါသနည်း။ ထာဝရဘုရားသည်ထိုတောင်ပေါ်တွင်ထာဝစဉ် ကိန်းဝပ်တော်မူမည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 12:11ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
Psalms 87:1ထာဝရဘုရားသည်မိမိ၏မြို့တော်ကို သန့်ရှင်းမြင့်မြတ်သည့်တောင် ပေါ်တွင် တည်ဆောက်တော်မူ၏။
Psalms 114:6တောင်ကြီးတို့၊သင်တို့သည်အဘယ်ကြောင့် ဆိတ်များကဲ့သို့ခုန်ပေါက်ကြပါသနည်း။ တောင်ငယ်တို့၊သင်တို့သည်အဘယ်ကြောင့် သိုးသငယ်များကဲ့သို့ခုန်ပေါက်ကြပါ သနည်း။
Isaiah 2:2ဟေရှာယက နောင်လာလတ္တံ့သောကာလ၌ ယခုဗိမာန်တော်တည်ရာတောင်တော်သည် တောင်တကာတို့ကိုလွှမ်းမိုး၍ အမြင့်ဆုံးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်းထိုတောင်တော်သို့ လာရောက်ကြလိမ့်မည်။
Revelation 21:2ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။-