Psalms 68:27
ချီတက်လာသောထိုလူစုထဲတွင်ဦးစွာ အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အနွယ်ဝင်များ၊ ထိုနောက်ယုဒခေါင်းဆောင်များနှင့်အနွယ် ဝင်များ၊ သူတို့နောက်မှဇာဗုလုန်နှင့်နဿလိ ခေါင်းဆောင်များနှင့်အနွယ်ဝင်များလိုက်ပါ ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 42:32ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောညီအစ်ကို တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါသည်။ တစ်ယောက် သည်သေဆုံး၍ ညီအငယ်ဆုံးသည်အဖနှင့် ခါနာန်ပြည်၌ရှိနေပါသည်' ဟုလျှောက်ကြ ပါသည်။-
Judges 5:18သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊ မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။
Judges 21:6ဣသရေလအမျိုးသားတို့သည်မိမိတို့ ၏ညီများဖြစ်သော ဗင်္ယာမိန်အနွယ်ဝင်တို့ အတွက်ဝမ်းနည်းကြေကွဲလျက်``ယနေ့ပင် လျှင်ဣသရေလအမျိုးအနွယ်အပေါင်း တို့အနက်တစ်နွယ်ကိုဆုံးရှုံးရလေပြီ။-
2 Samuel 3:19အာဗနာသည်ဗင်္ယာမိန်အနွယ်ဝင်တို့အားလည်း တိုက်တွန်းပြောဆို၏။ ထိုနောက်သူသည်ဣသရေလ နှင့်ဗင်္ယာမိန်အနွယ်ဝင်တို့အဘယ်သို့သဘော တူညီကြကြောင်းကို ဒါဝိဒ်အားပြန်ကြား လျှောက်ထားရန်ဟေဗြုန်မြို့သို့သွား၏။