Psalms 68:9
ကိုယ်တော်ရှင်သည်မိုးကိုသည်းထန်စွာရွာစေ သဖြင့် ပင်ပန်းနွမ်းနယ်လျက်နေသည့်ပြည်တော်ကို ပြန်လည်၍လန်းဆန်းစေတော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 11:10ယခင်သင်တို့နေထိုင်ခဲ့ကြသောအီဂျစ် ပြည်တွင် သင်တို့သည်လယ်များထဲသို့ပင်ပန်း စွာရေသွင်း၍စပါးစိုက်ပျိုးရကြ၏။-
Judges 5:4အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက် ဧဒုံပြည်မှစစ်ချီတော်မူသောအခါ၊ မြေငလျင်လှုပ်၍ကောင်းကင်မှမိုးရွာသွန်း ပါ၏။ မိုးတိမ်များမှမိုးရေတို့သည်ကျဆင်းလာ ပါ၏။
1 Kings 19:11ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-
Psalms 77:16အို ဘုရားသခင်၊ ရေတို့သည်ကိုယ်တော်ရှင်ကိုမြင်သောအခါ ကြောက်ရွံ့ကြပါ၏။ ပင်လယ်ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။
Ezekiel 34:26``ငါသည်သူတို့အားကောင်းချီးပေး၍ ငါ၏ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပတ်လည် တွင်နေစေမည်။ အချိန်တန်သောအခါ ကောင်းချီးမိုးရေကိုကျစေမည်။-