Psalms 69:12
သူတို့သည်လမ်းများတွင်ကျွန်တော်မျိုးအကြောင်းကို ပြောဆိုကြပါ၏။ သေသောက်ကြူးသူတို့သည်ကျွန်တော်မျိုး အကြောင်းကိုတေးဖွဲ့၍ဆိုကြပါ၏။
Common Language Bible
In The King James Version
They that sit in the gate speak against me; and I was the song of the drunkards.
In Context
11ကျွန်တော်မျိုးသည်လျှော်တေကိုဝတ်သော အခါ သူတို့သည်ပြောင်လှောင်ကြပါ၏။
Cross References
Deuteronomy 16:18``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
Psalms 35:13ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
Jeremiah 20:7အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။ လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။ သူတို့သည်ကျွန်တော်မျိုးအား တစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။
Daniel 5:23ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
Matthew 27:20ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည် ``ဗာရဗ္ဗအားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ ယေရှုကိုသတ်ပါ'' ဟုပိလတ်မင်း ထံတောင်းဆိုရန်ပရိသတ်တို့အားတိုက်တွန်း ကြ၏။-
Matthew 27:62သောကြာနေ့ကုန်လွန်၍ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများသည် ပိလတ်မင်းထံသို့သွားပြီးလျှင်၊-