The Bible Software
Psalms · Common Language Bible

Psalms 7

1ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊​ကိုယ်​တော်​၌​ကျွန်​တော်​မျိုး​ခို​လှုံ​ပါ​၏။ ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​နေ​သူ​အ​ပေါင်း​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

2ကယ်​ဆယ်​တော်​မ​မူ​ပါ​လျှင်​သူ​တို့​သည်​ခြင်္သေ့​ကဲ့​သို့ ကျွန်​တော်​မျိုး​အား​ကယ်​မည့်​သူ​မ​ရှိ​သည့်​အ​ရပ်​သို့​ဆွဲ​ယူ​ကာ​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​ပါ​လိမ့်​မည်။

3ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​တစ်​စုံ​တစ်​ယောက်​ကို​ပြစ်​မှား​မိ​ခဲ့​လျှင်​သော်​လည်း​ကောင်း၊ မိတ်​ဆွေ​ကို​သစ္စာ​ဖောက်​ခဲ့​လျှင်​သော်​လည်း​ကောင်း၊ ရန်​သူ​ကို​အ​ကြောင်း​မဲ့​အ​ကျိုး​နည်း​စေ​ခဲ့​လျှင်​သော်​လည်း​ကောင်း

4

5ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​လိုက်​၍​မီ​ကာ​သတ်​ဖြတ်​နိုင်​လျက် ကျွန်​တော်​မျိုး​ကို​မြေ​ပေါ်​တွင်​ပစ်​ထား​ကြ​ပါ​စေ။

6အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်​၍​ထ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​တို့​၏​ဒေါ​သ​ကို​ဆီး​တား​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ တ​ရား​မျှ​တ​မှု​ကို​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သည်​ဖြစ်​၍

7လူ​အ​ပေါင်း​တို့​ကို​ကိုယ်​တော်​ရှင်​၏​ပတ်​လည်​တွင်​စု​ရုံး​စေ​တော်​မူ​ပြီး​နောက် အ​ထက်​အ​ရပ်​မှ​သူ​တို့​အား​အုပ်​စိုး​တော်​မူ​ပါ။

8အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကျွန်​တော်​မျိုး​အ​ပြစ်​ကင်း​သည်​ကို​ထောက်​ထား​၍ ကျွန်​တော်​မျိုး​အား​မျက်​နှာ​သာ​ပေး​၍​တ​ရား​စီ​ရင်​တော်​မူ​ပါ။

9ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင်​ဆန္ဒ​များ​ကို​လည်း​စစ်​ဆေး​တော်​မူ​ပါ​၏။ သူ​ယုတ်​မာ​တို့​၏​ဆိုး​ညစ်​မှု​ကို​ဆီး​တား​တော်​မူ​လျက်၊ သူ​တော်​ကောင်း​တို့​အား​ကောင်း​ကျိုး​ကို​ပေး​သ​နား​တော်​မူ​ပါ။

10ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင်​သူ​တို့​အား​ကယ်​တော်​မူ​၏။

11ဘု​ရား​သ​ခင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၍ သူ​ယုတ်​မာ​တို့​အား​အ​စဉ်​အ​ပြစ်​ဒဏ်​ချ​မှတ်​တော်​မူ​၏။

12အ​ကယ်​၍​လူ​တို့​သည်​နောင်​တ​မ​ရ​ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ဋ္ဌား​တော်​ကို​သွေး​တော်​မူ​၍ လေး​တော်​ကို​အ​ဆင်​သင့်​တင်​တော်​မူ​လိမ့်​မည်။

13သေ​စေ​တတ်​သော​လက်​နက်​များ​ကို​ကိုင်​ဆောင်​တော်​မူ​၍ မီး​လျှံ​ထ​သည့်​မြား​တော်​ကို​ချိန်​ရွယ်​တော်​မူ​၏။

14သူ​ယုတ်​မာ​တို့​သည်​မ​ကောင်း​မှု​ပြု​ရန်​အ​ဘယ်​သို့​စဉ်း​စား​ကြံ​စည်​သည်​ကို​ကြည့်​လော့။

15သို့​ရာ​တွင်​သူ​တို့​သည်​မြေ​တွင်း​ကို​နက်​စွာ​တူး​၍ မိ​မိ​တို့​တူး​သည့်​တွင်း​များ​ထဲ​သို့​ပင်​ကျ​ကြ​၏။

16သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​မ​ကောင်း​မှု​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​၏။ မိ​မိ​တို့​ပြု​သည့်​အ​ကြမ်း​ဖက်​မှု​ကြောင့်​ဒဏ်​ရာ​ရ​ကြ​၏။

17ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​တော်​မူ​သည့်​အ​တွက် ငါ​သည်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ပါ​မည်။

← Psalms 6Read In The App, Free →Psalms 8 →

Study Psalms 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150