The Bible Software
Psalms · Common Language Bible

Psalms 70

1အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​အား​ကူ​မ​တော်​မူ​ပါ။

2ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ​ပါ​စေ သော။ ကျွန်​တော်​မျိုး​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​အကြောင်း​ပြု​၍ ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍​ကွဲ​ကြ ပါ​စေ​သော။

3ကျွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​သည့်​အ​တွက် အ​လွန်​ကြောက်​လန့်​ကြ​ပါ​စေ​သော။

4ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ဘု​ရား​သ​ခင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု​အ​စဉ်​မ​ပြတ်​ချီး​ကူး ကြ​ပါ​စေ​သော။

5ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​လျက် ဆင်း​ရဲ​၍​နေ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ထံ​သို့​လျင်​မြန်​စွာ​ကြွ​လာ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ကျွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။

← Psalms 69Read In The App, Free →Psalms 71 →

Study Psalms 70

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150