Psalms 73:6
သို့ဖြစ်၍သူတို့သည်မာန်မာနကိုလည်ဆွဲ တန်ဆာကဲ့သို့လည်းကောင်း၊ အကြမ်းဖက်မှုကိုဝတ်လုံကဲ့သို့လည်း ကောင်း ဝတ်ဆင်ကြ၏။
Common Language Bible
In The King James Version
Therefore pride compasseth them about as a chain; violence covereth them as a garment.
In Context
5သူတို့သည်အခြားသူများကဲ့သို့ဝေဒနာ မခံရကြ။ အခြားသူများကဲ့သို့ဒုက္ခမရောက်ရကြ။
Cross References
Deuteronomy 8:13သိုး၊ နွား၊ ရွှေ၊ ငွေမှစ၍ပစ္စည်းဥစ္စာတိုးပွား လာသည့်အခါ၌လည်းကောင်း၊-
Judges 8:26မိဒျန်ဘုရင်တို့ဝတ်ဆင်ထားသည့်တန်ဆာ များ၊ လည်ဆွဲများ၊ နီမောင်းသောအဝတ်နှင့် ကုလားအုတ်လည်ပတ်ကြိုးများအပြင်၊ ဂိ ဒေါင်ရရှိသည့်ရွှေနားကွင်းများ၏အလေး ချိန်မှာပေါင်လေးဆယ်ကျော်ရှိသတည်း။
Esther 3:5ဤသို့မော်ဒကဲဦးမညွှတ်ရှိမခိုးလို သည့်အကြောင်းကိုကြားသိရသောအခါ ဟာမန်သည်လွန်စွာအမျက်ထွက်လေသည်။-
Job 21:7လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
Psalms 109:29ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
Proverbs 3:31ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။