The Bible Software
bible.software › Psalms › Psalms 74 › Psalms 74:18

Psalms 74:18

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ကိုယ်​တော်​ရှင် အား ပြက်​ရယ်​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ဘု​ရား​မဲ့​၍​ကိုယ်​တော်​ရှင်​အား မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​ပါ။

Common Language Bible

In The King James Version

Remember this, that the enemy hath reproached, O LORD, and that the foolish people have blasphemed thy name.

In Context

17ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​၏​နယ် နိ​မိတ်​ကို သတ်​မှတ်​တော်​မူ​၍​နွေ​ဥ​တု​နှင့်​ဆောင်း​ဥ​တု​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

19ကိုယ်​တော်​ရှင်​၏​ခို​ကိုး​ရာ​မဲ့​သည့်​လူ​စု​တော်​အား ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏ လက်​တွင် စွန့်​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​နေ​ရ​သော​ကိုယ်​တော် ရှင်​၏ လူ​စု​တော်​အား​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

Read all of Psalms 74

Cross References

Deuteronomy 32:6မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။

2 Kings 19:4အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​မိ​မိ​၏​ဗိုလ်​ချုပ် ကို​စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​စ​ကား​ကို​ကြား​တော်​မူ​၍​ယင်း​သို့ ပြော​ဆို​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​ပါ​စေ​သော။ သို့​ဖြစ်​၍​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ လော့'' ဟု​ဟေ​ရှာ​ယ​ထံ​လျှောက်​ထား​စေ​၏။

Psalms 39:8ကျွန်​တော်​မျိုး​၏​အ​ပြစ်​အ​ပေါင်း​မှ​ကယ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​အား​လူ​မိုက်​တို့​လှောင်​ပြောင် စေ​တော်​မ​မူ​ပါ​နှင့်။

Psalms 74:22အို ဘု​ရား​သ​ခင်၊ ထ​တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​အာ​ဏာ​ကို တည်​စေ​တော်​မူ​ပါ။ ဘု​ရား​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​တစ်​နေ့​လုံး ပြက်​ရယ်​ပြု​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။

Psalms 94:2ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​အား တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော် မူ​ပါ​၏။ ထ​တော်​မူ​၍​မာ​န​ကြီး​သူ​တို့​အား​ထိုက်​လျောက်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​ပါ။

Isaiah 37:23သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ဟု​ထင်​မှတ်​ပါ​သ​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သော​ငါ​ဘု​ရား​အား​မ​လေး​မ​ခန့်​ပြု​၍ နေ​ပါ​သည်​တ​ကား။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 74:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 74:17Psalms 74Psalms 74:19 →