Psalms 77:13
အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။ ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။
Common Language Bible
In The King James Version
Thy way, O God, is in the sanctuary: who is so great a God as our God?
In Context
Cross References
Exodus 15:11အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
Psalms 27:4ထာဝရဘုရားအားငါတောင်းလျှောက်လို သောဆု၊ ငါလိုချင်တောင့်တသောဆုတစ်ခုတည်းရှိ၏။ ထိုဆုကားဘုရားသခင်၏အိမ်တော်တွင် တစ်သက်လုံးနေရ၍ကျေးဇူးတော်ကို ချီးမွမ်းအံ့သြလျက် ကိုယ်တော်၏လမ်းပြမှုကိုတောင်းခံနိုင်ခွင့် ပင်ဖြစ်၏။
Psalms 68:25သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
Psalms 73:17ကျွန်တော်မျိုးသည်ကိုယ်တော်၏ဗိမာန်တော် ထဲသို့ ရောက်ရှိသည့်အခါကျမှသာလျှင် သူယုတ်မာတို့အဘယ်သို့နိဂုံးချုပ်ရကြ မည်ကို သိရှိနားလည်လာပါ၏။
Psalms 89:6အို ထာဝရဘုရား၊ ကောင်းကင်ဘုံတွင်ကိုယ်တော်ရှင်နှင့်အဘယ် သူ တူပါသနည်း။ အဘယ်ကောင်းကင်သားသည်ကိုယ်တော်ကို တုပြိုင်နိုင်ပါသနည်း။
Psalms 119:27ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။