Psalms 78:40
သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။ ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
Common Language Bible
In The King James Version
How oft did they provoke him in the wilderness, and grieve him in the desert!
In Context
Cross References
Deuteronomy 9:7``သင်တို့သည်တောကန္တာရ၌ရှိစဉ်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားအား အမျက် တော်ထွက်စေခဲ့ကြောင်းအမြဲသတိရကြ လော့။ သင်တို့သည်အီဂျစ်ပြည်မှထွက်သော နေ့မှစ၍ ဤအရပ်သို့ရောက်သည့်နေ့တိုင်အောင် ကိုယ်တော်ကိုပုန်ကန်ခဲ့ကြ၏။-
Psalms 78:8သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲ ပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှ ဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။
Psalms 95:8ကိုယ်တော်ကမောရိဘအရပ်တွင်ရောက်ရှိ နေသော သင်တို့ဘိုးဘေးများကဲ့သို့သင်တို့သည် ခေါင်းမမာကြနှင့်။ တောကန္တာရရှိမဿာအရပ်တွင်ရောက်ရှိနေသော ဘိုးဘေးများကဲ့သို့ခေါင်းမမာကြနှင့်။
Psalms 107:11အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ အမိန့်တော်ကိုဖီဆန်၍ အနန္တတန်ခိုးရှင်၏ညွှန်ကြားချက်များကို ပစ်ပယ်ကြသောကြောင့်ဖြစ်၏။
Isaiah 63:10သူတို့သည်ပုန်ကန်ကာကိုယ်တော်အားဝမ်း နည်းစေကြ၏။ သို့ဖြစ်၍ထာဝရဘုရား သည်သူတို့ကိုရန်ဘက်ပြုကာတိုက်ခိုက် တော်မူသတည်း။
Hebrews 3:15ကျမ်းစာတော်က၊ ``သင်တို့သည်ယနေ့ဘုရားသခင်အသံတော်ကို ကြားရလျှင် ဘုရားသခင်အား၊သင်တို့၏ဘိုးဘေးများ ပုန်ကန်စဉ်အခါကခေါင်းမာကြသကဲ့သို့ ခေါင်းမမာကြနှင့်'' ဟုဖော်ပြပေသည်။-