Psalms 78:58
သူတို့သည်မိစ္ဆာနတ်ဘုရားတို့ကိုဝတ်ပြု ကိုးကွယ်ရာ ဌာနများထားရှိခြင်းအားဖြင့်ကိုယ်တော်အား အမျက်ထွက်စေကြ၏။ ရုပ်တုများအားဖြင့်ကိုယ်တော်အား ဒေါသထွက်စေကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 20:4``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။-
Leviticus 26:30ငါသည်တောင်ကုန်းများပေါ်တွင်ရှိသောသင် တို့ဝတ်ပြုကိုးကွယ်ရာဌာနများကိုဖျက်ဆီး ၍ နံ့သာပေါင်းပူဇော်ရာပလ္လင်ကိုဖြိုဖျက်မည်။ သင်တို့၏အလောင်းများကိုပြိုကျသောရုပ်တု များအပေါ်တွင်ပစ်ချမည်။ ငါသည်သင်တို့ ကိုစက်ဆုပ်ရွံရှာသဖြင့်၊-
Deuteronomy 12:2သင်တို့သိမ်းယူမည့်ပြည်တွင်တောင်ထိပ်ပေါ်၊ တောင်ကုန်းပေါ်၊ သစ်စိမ်းပင်အောက်ရှိထိုပြည် သားတို့ကိုးကွယ်ရာဌာနရှိသမျှကိုဖျက် ဆီးပစ်ရမည်။-
Deuteronomy 27:15`` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။
Deuteronomy 32:21သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။