Psalms 79:12
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 4:15ထာဝရဘုရားက``သင်၌ထိုသို့မဖြစ်စေရ။ သင့်အားသတ်သောသူမည်သည်ကား ခုနစ်ဆ သောအပြစ်ဒဏ်ကိုခံရမည်'' ဟုမိန့်တော်မူ ၏။ သို့ဖြစ်၍ထာဝရဘုရားသည် ကာဣန ကိုတွေ့ရှိသူသည်သူ့ကိုမသတ်ရန် သတိ ပေးသည့်အမှတ်လက္ခဏာဖြင့်သူ့အပေါ် တွင်မှတ်သားပေးတော်မူ၏။-
Leviticus 26:28ငါသည်အမျက်ထွက်၍သင်တို့တစ်ဘက်၌နေ လျက် အပြစ်ဒဏ်ကိုယခင်ကထက်ခုနစ်ဆ တိုး၍ခံစေမည်။-
Psalms 74:10အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
Psalms 89:52ထာဝရဘုရားအားကာလအစဉ်အဆက် ထောမနာပြုကြကုန်လော့။ အာမင်၊ အာမင်။
Isaiah 65:5ထိုနောက်သူတို့ကမိမိတို့သည်အလွန်ပင် မြင့်မြတ်သန့်ရှင်းလှသည်၊ အခြားသူတို့နှင့် မထိမတွေ့အပ်ဟုဆိုကာ အဘယ်သူကိုမျှ မိမိတို့အနီးသို့မချဉ်းမကပ်စေကြ။ ငါ သည်ဤသို့သောလူတို့ကိုသည်းမခံနိုင်။ ထိုသူတို့အပေါ်သို့သက်ရောက်သည့်ငါ၏ အမျက်ဒေါသသည်အစဉ်တောက်လောင် လျက်နေသည့်မီးနှင့်တူ၏။
Jeremiah 32:18ကိုယ်တော်ရှင်သည်ထောင်ပေါင်းများစွာသော လူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြ တော်မူခဲ့ပါပြီ။ သို့ရာတွင်လူတို့အား မိမိတို့ဘိုးဘေးများ၏အပြစ်များ အတွက်ဒဏ်ခတ်တော်မူခဲ့ပါ၏။ ကိုယ်တော် ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုးတော် နှင့်ပြည့်စုံတော်မူသည့်ဘုရားဖြစ်တော် မူပါ၏။ ကိုယ်တော်ရှင်သည်အနန္တတန်ခိုး ရှင်ထာဝရဘုရားဖြစ်ပါ၏။-