Psalms 79:2
သူတို့သည်ကိုယ်တော်ရှင့်လူစုတော်၏ အလောင်းများကိုငှက်စာဖြစ်စေရန်လည်းကောင်း၊ ကိုယ်တော်ရှင့်အစေခံတို့၏အလောင်းများကို သားရဲတိရစ္ဆာန်စာဖြစ်စေရန်လည်းကောင်း ပစ်ထားကြပါပြီ။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 28:26သင်တို့သေဆုံးသောအခါငှက်များနှင့် သားရဲတိရစ္ဆာန်တို့က သင်တို့၏အသား ကိုစားကြလိမ့်မည်။ ထိုငှက်နှင့်သားရဲ တိရစ္ဆာန်များကိုမောင်းနှင်မည့်သူရှိလိမ့် မည်မဟုတ်။-
Jeremiah 15:3သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
Jeremiah 19:7ငါသည်ဤအရပ်တွင်ယုဒပြည်သားများ နှင့် ယေရုရှလင်မြို့သားများ၏အကြံအစည် မှန်သမျှကိုပျက်ပြားစေတော်မူမည်။ သူတို့ ကိုအသက်ရန်ရှာသူတို့လက်သို့အပ်၍စစ်ပွဲ တွင်ကျဆုံးစေတော်မူမည်။ သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲတို့၏ အစာဖြစ်ရလိမ့်မည်။-
Zephaniah 1:17ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။