The Bible Software
Psalms · Common Language Bible

Psalms 8

1အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ကမ္ဘာ​တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သည့်​သီ​ချင်း သံ​သည် ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။

2ယင်း​သီ​ချင်း​ကို​က​လေး​များ​နှင့်​နို့​စို့​သူ​ငယ် များ​က သီ​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ရန်​သူ​များ​၏​ဘေး​မှ ကင်း​လွတ်​လုံ​ခြုံ​ပါ​၏။ ကိုယ်​တော်​အား​ရန်​မူ​သူ​များ​ကို​ဆီး​တား​တော် မူ​ပါ​၏။

3ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ စီ​မံ​ထား​ရှိ​တော်​မူ​သော လ​နှင့်​ကြယ်​တာ​ရာ​များ​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တွေ့​မြင်​ရ​ပါ​၏။

4သို့​ဖြစ်​၍​လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​အား အောက်​မေ့​တော်​မူ​ရ​ပါ​သ​နည်း။ လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည်​သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ရ​ပါ​သ​နည်း။

5သူ့​အား​ကောင်း​ကင်​တ​မန်​တို့​ထက်​သာ နိမ့်​ကျ​စေ​တော်​မူ​လျက် သူ့​အား​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း​ချီး​မြှင့်​တော် မူ​၏။

6သူ့​အား​ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။

7ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​သိုး၊နွား၊ တော​တိရစ္ဆာန်၊ငှက်၊ငါး​နှင့် ပင်​လယ်​ရေ​သတ္တ​ဝါ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော် မူ​၏။

8

9အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။

← Psalms 7Read In The App, Free →Psalms 9 →

Study Psalms 8

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150