Psalms 80:8
ကိုယ်တော်ရှင်သည်အီဂျစ်ပြည်မှစပျစ်ပင်ကို ယူဆောင်တော်မူခဲ့၍ အခြားအမျိုးသားတို့ကိုနှင်ထုတ်တော်မူ ပြီးလျှင် သူတို့၏ပြည်တွင်ထိုစပျစ်ပင်ကိုစိုက်ပျိုး တော်မူပါ၏။
Common Language Bible
In The King James Version
Thou hast brought a vine out of Egypt: thou hast cast out the heathen, and planted it.
In Context
Cross References
Joshua 13:6သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-
Psalms 44:2ကိုယ်တော်ရှင်ကိုယ်တိုင်အခြားလူမျိုးတို့အား နှင်ထုတ်တော်မူ၍ ကိုယ်တော်၏လူစုတော်အားထိုသူတို့၏ပြည်တွင် နေရာချထားတော်မူကြောင်း၊ လူမျိုးခြားတို့အားအပြစ်ဒဏ်ပေးတော်မူ၍ ကိုယ်တော်ရှင်၏လူစုတော်အားကြီးပွား တိုးတက်စေတော်မူကြောင်းကိုပြောပြပါ၏။
Psalms 78:55မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါ ချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင် ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။
Isaiah 27:2ထိုကာလ၌ထာဝရဘုရားသည် မိမိ၏ သာယာသောစပျစ်ဥယျာဉ်နှင့်ပတ်သက်၍၊-
Jeremiah 12:10လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။ သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။ နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။
Ezekiel 15:6အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``စပျစ်နွယ်သားကိုတောမှယူ၍မီး မွှေးကြသကဲ့သို့ ငါသည်ယေရုရှလင် မြို့မှလူတို့ကိုယူ၍၊-