Psalms 81:10
ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
Common Language Bible
In The King James Version
In Context
9သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။
Cross References
Exodus 20:3``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။
Joshua 24:14ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
Psalms 37:3ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
Jeremiah 11:4ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား သံမီးဖိုကြီးနှင့်တူသောအီဂျစ်ပြည်မှ ငါ ထုတ်ဆောင်လာစဉ်အခါကချုပ်ဆိုခဲ့သည့် ပဋိညာဉ်ဖြစ်၏။ ငါသည်ထိုသူတို့အားငါ့ စကားကိုနားထောင်ကြရန်၊ ငါခိုင်းစေသမျှ သောအမှုတို့ကိုပြုလုပ်ကြရန်မှာကြားခဲ့ ၏။ အကယ်၍သူတို့သည်ငါ၏စကားကို နားထောင်ကြမည်ဆိုပါမူ ငါ၏လူမျိုး တော်ဖြစ်ရကြလျက်၊ ငါသည်လည်းသူတို့ ၏ဘုရားဖြစ်တော်မူမည်။-
Hosea 8:3သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
John 15:7သင်တို့သည်ငါ၌တည်နေ၍ငါ၏တရား သည်လည်းသင်တို့၌တည်နေလျှင် သင်တို့ တောင်းလျှောက်သမျှသောအရာတို့ကိုရရှိ ကြလိမ့်မည်။-