Psalms 83:13
အို ဘုရားသခင်၊ သူတို့အားလေဗွေ၌ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာလွင့်ပါသွားတတ်သည့် ဖွဲကဲ့သို့လည်းကောင်းဖြစ်စေတော်မူပါ။
Common Language Bible
In The King James Version
O my God, make them like a wheel; as the stubble before the wind.
In Context
Cross References
Job 13:25လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
Psalms 22:1ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
Psalms 44:4ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်ရှင်၏လူစုတော်အားအောင်ပွဲကို ပေးတော်မူပါ၏။
Psalms 74:11အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကူမရန် ငြင်းဆန်တော်မူပါသနည်း။ အဘယ်ကြောင့်လက်ပိုက်၍နေတော်မူပါ သနည်း။
Isaiah 40:24သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။
Jeremiah 13:24ထာဝရဘုရားသည်သင်တို့အားသဲကန္တာရ မှလာသောလေပြင်းတွင် လွင့်ပါသွားသည့် ဖွဲကဲ့သို့ကွဲလွင့်စေတော်မူလိမ့်မည်။-