Psalms 85:9
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
Common Language Bible
In The King James Version
Surely his salvation is nigh them that fear him; that glory may dwell in our land.
In Context
Cross References
1 Samuel 3:9``သင်သည်ပြန်၍အိပ်လော့။ အကယ်၍သင့်အား နောက်တစ်ကြိမ်ခေါ်လျှင်`ထာဝရဘုရား၊ အမိန့် ရှိတော်မူပါ။ ကိုယ်တော်၏ကျွန်နာခံလျက်ရှိ ပါ၏' ဟုလျှောက်ထားလော့'' ဟုမှာကြားလိုက်၏။ သို့ဖြစ်၍ရှမွေလသည်ပြန်၍အိပ်လေ၏။
Psalms 50:23ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
Isaiah 4:5ထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။-
Jeremiah 23:35သူသည်ထိုသို့ပြောဆိုမည့်အစား မိမိ၏ အသိမိတ်ဆွေများနှင့်ဆွေမျိုးညာတိတို့ အား`ထာဝရဘုရားအဘယ်သို့ဖြေကြား တော်မူပါသနည်း။ ကိုယ်တော်အဘယ်သို့ မိန့်တော်မူပါသနည်း' ဟူ၍မေးမြန်းရာ၏။-
Jeremiah 29:11သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
Ezekiel 26:20ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။-