Psalms 86:12
အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးသည် စိတ်နှလုံးအကြွင်းမဲ့ထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကြီးမြတ် ပုံကို အစဉ်အမြဲထုတ်ဖော်ကြေညာပါမည်။
Common Language Bible
In The King James Version
I will praise thee, O Lord my God, with all my heart: and I will glorify thy name for evermore.
In Context
Cross References
Deuteronomy 6:5သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
1 Chronicles 29:20ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
Psalms 9:2ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။
Psalms 103:1အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ငါ၏ကိုယ်စိတ်နှလုံးတို့၊ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောနာမတော်အား ထောမနာပြုကြလော့။
Psalms 145:1ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
Proverbs 3:5ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။