Psalms 86:6
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
Common Language Bible
In The King James Version
Give ear, O LORD, unto my prayer; and attend to the voice of my supplications.
In Context
Cross References
Nehemiah 1:11အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
Psalms 17:1အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။
Psalms 130:2အို ထာဝရဘုရား၊ ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။