The Bible Software
Psalms · Common Language Bible

Psalms 87

1ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော်​ကို သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင် ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။

2ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကြီး​ကို ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​ခြား​မြို့​အ​ပေါင်း​တို့​ထက် ပို​၍​နှစ်​သက်​မြတ်​နိုး​တော်​မူ​၏။

3အို ဘု​ရား​သ​ခင်​၏​မြို့​တော်၊ သင်​၏​အ​ကြောင်း​ကိုယ်​တော်​ယ​ခု​မိန့်​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​နား​ထောင်​လော့။

4ကိုယ်​တော်​မိန့်​တော်​မူ​သည်​မှာ ``ငါ​၏​စ​ကား​ကို​နား​ထောင်​သည့်​နိုင်​ငံ​များ စာ​ရင်း​ကို​ယူ​သော​အ​ခါ​အီ​ဂျစ်​ပြည်​နှင့် ဗာ​ဗု​လုန်​ပြည်​ကို​ငါ​ထည့်​သွင်း​မည်။ ဖိ​လိတ္တိ​ပြည်၊တု​ရု​ပြည်​နှင့်​ဆူ​ဒန်​ပြည်​မှ လူ​တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​သား​များ စာ​ရင်း​တွင်​ငါ​ဖော်​ပြ​မည်။''

5ဇိ​အုန်​တောင်​အား​လူ​မျိုး​အ​ပေါင်း​တို့​ဖွား​မြင်​ရာ မိ​ခင်​ဟူ​၍​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သည် ထို​တောင်​ကို​ခိုင်​ခံ့​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း​လူ​တို့​ပြော​ဆို​ကြ လိမ့်​မည်။

6ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တို့​ကို​စာ​ရင်း ပြု​စု​တော်​မူ​လိမ့်​မည်။ ယင်း​စာ​ရင်း​တွင်​ပါ​ရှိ​သော​သူ​အ​ပေါင်း တို့​ကို ယေ​ရု​ရှ​လင်​မြို့​သား​များ​အ​ဖြစ်​ဖြင့်​ထည့်​သွင်း ရေး​မှတ်​တော်​မူ​လိမ့်​မည်။

7ထို​သူ​အ​ပေါင်း​တို့​သည်​က​ခုန်​လျက် ``ဇိ​အုန်​တောင်​သည် ငါ​တို့​ခံ​စား​ရ​သော​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း စီး​ဆင်း​ရာ​ဖြစ်​ပေ​သည်'' ဟု​သီ​ဆို​ကြ​၏။

← Psalms 86Read In The App, Free →Psalms 88 →

Study Psalms 87

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150