Psalms 89:12
ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
Common Language Bible
In The King James Version
The north and the south thou hast created them: Tabor and Hermon shall rejoice in thy name.
In Context
Cross References
Deuteronomy 3:8``သို့ဖြစ်၍ထိုအချိန်တွင်ငါတို့သည် အာနုန် မြစ်မှဟေရမုန်တောင်အထိကျယ်ပြန့်သော ယောဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကို ထို အာမောရိဘုရင်နှစ်ပါးတို့ထံမှသိမ်း ယူကြ၏။-
Joshua 19:22နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
Judges 4:12တာဗော်တောင်သို့ဗာရက်တက်သွားသည့် အကြောင်းကို သိသရကြားသိသောအခါ၊-
Psalms 24:1လောကနှင့်လောကတွင်ရှိသမျှသော အရာတို့ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးနှင့်ကမ္ဘာမြေကြီးပေါ်တွင် ရှိသမျှသောလူသတ္တဝါတို့ကိုလည်းကောင်း ဘုရားသခင်ပိုင်တော်မူ၏။
Psalms 65:12စားကျက်တို့တွင်သိုးအုပ် ဆိတ်အုပ်များရှိပါ၏။ တောင်ကုန်းတို့သည်သာယာရွှင်လန်းလျက်ရှိပါ၏။
Psalms 115:16ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။