Psalms 89:22
သူ၏ရန်သူတို့သည်သူ့အပေါ်တွင်အဘယ် အခါ၌မျှ အနိုင်ရကြလိမ့်မည်မဟုတ်။ သူယုတ်မာတို့သည်သူ့ကိုနှိမ်နင်းနိုင် လိမ့်မည်မဟုတ်။
Common Language Bible
In The King James Version
The enemy shall not exact upon him; nor the son of wickedness afflict him.
In Context
Cross References
2 Samuel 7:10ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အတွက်နေရာအရပ်ကိုရွေးချယ်၍ နောက် တစ်ဖန်ညှင်းဆဲခြင်းကိုမခံရတော့ဘဲ အတည်တကျနေထိုင်စေပြီ။ ဤပြည် သို့ဝင်ရောက်လာချိန်မှအစပြု၍ သူတို့ သည်အကြမ်းဖက်သူလူစုတို့၏တိုက်ခိုက် မှုကိုခံခဲ့ရကြသော်လည်းနောက်တစ်ဖန် ခံရကြတော့မည်မဟုတ်။ သင့်အားရန်သူ အပေါင်းတို့၏ဘေးမှလုံခြုံစေ၍ သား မြေးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ငါထာဝရဘုရားမြွက်ဆို၏။-
Matthew 4:1ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
2 Thessalonians 2:3ဤအကြောင်းနှင့်ပတ်သက်၍လူတို့မှားယွင်း စွာပြောဆိုနေသည်ကိုလုံးဝမယုံကြနှင့်။ နောက်ဆုံးပုန်ကန်မှုကြီးမဖြစ်ပေါ်မီနှင့် ငရဲသို့လားရမည်ဖြစ်သောသူယုတ်မာ ကြီးမပေါ်ထွန်းမီထိုနေ့ရက်သည်ကျ ရောက်လိမ့်မည်မဟုတ်။-