Psalms 89:39
ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။ သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။
Common Language Bible
In The King James Version
In Context
Cross References
Psalms 44:10ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ရန်သူများထံမှထွက်ပြေးစေတော်မူပါ၏။ သူတို့သည်လည်းကျွန်တော်မျိုးတို့၏ ပစ္စည်းဥစ္စာများကိုအပိုင်သိမ်းယူကြပါ၏။
Psalms 74:7သူတို့သည်ကိုယ်တော်ရှင်၏ဗိမာန်တော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်ရှင်အားကိုးကွယ်ဝတ်ပြုရာဌာနတော်ကို ဖြိုဖျက်၍ညစ်ညမ်းစေကြပါ၏။
Psalms 89:34ငါသည်သူနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို ပျက်ပြယ်စေမည်မဟုတ်။ သူ့အားပေးခဲ့သောကတိတော်တစ်ခုကိုမျှ ရုပ်သိမ်းမည်မဟုတ်။
Isaiah 25:12ဘုရားသခင်သည်မြင့်မားသည့်မောဘမြို့ ရိုး၊ ခံတပ်များကိုဖျက်ဆီးကာဖုတ်ထဲသို့ ပြိုကျစေတော်မူလိမ့်မည်။
Lamentations 5:16ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။