Psalms 90:13
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။
Common Language Bible
In The King James Version
Return, O LORD, how long? and let it repent thee concerning thy servants.
In Context
Cross References
Exodus 32:14ထို့ကြောင့်ထာဝရဘုရားသည်အမျက် တော်ပြေ၍၊ မိမိလူမျိုးတော်အားပေး မည့်အပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ရစေတော်မူ၏။
Deuteronomy 32:36ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။
Psalms 6:4အို ထာဝရဘုရား၊ ကြွလာတော်မူ၍ကျွန်တော်မျိုးအားကယ်တော် မူပါ။ ကိုယ်တော်၏ကရုဏာတော်နှင့်အညီကျွန်တော် မျိုးအား သေဘေးမှကယ်ဆယ်တော်မူပါ။
Psalms 74:10အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
Psalms 80:15ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင် အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
Psalms 106:45ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။