Psalms 91:13
သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 17:37ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
Psalms 58:4သူတို့သည်အဆိပ်ရှိသည့်မြွေများနှင့်တူ ကြ၏။ နားပင်းသည့်မြွေဟောက်သည်အလမ္ပာယ် ဆရာ၏ အသံကိုသော်လည်းကောင်း၊ကျင်လည်သော မျက်လှည့်ဆရာ၏မန္တန်ကိုသော်လည်းကောင်း မကြားရ။ သူတို့သည်နားပင်းသည့်မြွေဟောက်နည်းတူ မိမိတို့၏နားများကိုပိတ်ထားကြ၏။
Daniel 6:22ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
Luke 10:19မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။-
Romans 3:13သူတို့သည်ကြောက်မက်ဖွယ်ကောင်းသော စကားများကိုပြောဆိုကြ၏။ သူတို့သည်မိမိတို့လျှာဖြင့်လိမ်လည်လှည့် စားကြ၏။ မြွေဆိုးကဲ့သို့သူတို့၏နှုတ်ခမ်းတွင် အဆိပ်အတောက်ရှိ၏။
2 Timothy 4:17သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-