Psalms 92:1
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းရခြင်းသည်လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုထောမနာ သီချင်း ကူးအေးရခြင်းသည်လည်းကောင်း၊
Common Language Bible
In The King James Version
It is a good thing to give thanks unto the LORD, and to sing praises unto thy name, O most High:
In Context
Cross References
Psalms 33:1အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည် ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
Psalms 52:9အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက် ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကို ကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။
Psalms 73:28သို့သော်လည်းကျွန်တော်မျိုးအဖို့မှာမူဘုရားသခင်၏ အပါးတော်တွင်နေရခြင်း၊ အရှင်ဘုရား၏ထံတော်၌ခိုလှုံရခြင်းနှင့် ကိုယ်တော်ပြုတော်မူသောအမှုတော်အပေါင်းကို ထုတ်ဖော်ကြေညာရခြင်းတို့သည်လွန်စွာမြတ် နိုးဖွယ် ဖြစ်ပါသည်တကား။
Psalms 92:8အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား ဖြစ်တော်မူသောကိုယ်တော်ရှင်သည် ထာဝစဉ်အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူသောကြောင့်တည်း။
Psalms 107:8သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ်ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုရ ကြပေမည်။
Psalms 107:21သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။