Psalms 93:1
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 16:30ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
1 Chronicles 29:12စည်းစိမ်ချမ်းသာနှင့်ပစ္စည်းဥစ္စာပေါများ ကြွယ်ဝမှုမှန်သမျှကိုကိုယ်တော်ရှင်ပေး တော်မူပါ၏။ ကိုယ်တော်ရှင်သည်အရာခပ် သိမ်းတို့ကိုခွန်အားစွမ်းရည်တန်ခိုးနှင့် အစိုးရတော်မူ၍ မည်သူ့ကိုမဆိုကြီး မြတ်၍သန်စွမ်းမှုကိုပေးတော်မူပါ၏။-
Psalms 18:32ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။
Psalms 65:6ကိုယ်တော်ရှင်သည်တန်ခိုးတော်အားဖြင့် တောင်များကိုနေရာချထားတော်မူလျက် တန်ခိုးအာနုဘော်တော်ကိုပြတော်မူပါ၏။
Psalms 75:3ကမ္ဘာမြေကြီးနှင့်တကွသက်ရှိသတ္တဝါ အပေါင်းတို့သည် တုန်လှုပ်ကြစေကာမူ ငါသည်ကမ္ဘာမြေကြီး၏အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေမည်။
Psalms 97:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။