Psalms 94:13
ထိုသူအားသူယုတ်မာတို့ကျစေရန် တွင်းတူး၍ မပြီးစီးမီဆိုးရွားသည့်အချိန်ကာလမှ လွတ်ငြိမ်းခွင့်ကိုကိုယ်တော်ပေးတော်မူပါ၏။
Common Language Bible
In The King James Version
That thou mayest give him rest from the days of adversity, until the pit be digged for the wicked.
In Context
Cross References
Job 34:29ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
Psalms 49:5ဆိုးယုတ်သည့်ရန်သူတို့သည်ငါ့အား ဝိုင်းရံထားသဖြင့်ငါသည်ဘေးသင့်၍နေ သော်လည်း ကြောက်လန့်လိမ့်မည်မဟုတ်။
Isaiah 26:20ငါ၏အမျိုးသားတို့၊ သင်တို့သည်မိမိတို့အိမ် တွင်းသို့ဝင်၍တံခါးများကိုပိတ်ထားကြ လော့။ ဘုရားသခင်၏အမျက်တော်ပြေသည် တိုင်အောင်ကာလအနည်းငယ်ပုန်းအောင်းနေ ကြလော့။-
Jeremiah 18:22သူတို့၏အိမ်ရာများကိုတိုက်ခိုက်လုယက် ရန်ရုန်းရင်းဆန်ခတ်လူအုပ်အားအမှတ်မ ထင်စေလွှတ်တော်မူပါ။ သူတို့သည်ကြောက် လန့်တုန်လှုပ်လျက်ဟစ်အော်ရကြပါစေ သော။ သူတို့သည်ကျွန်တော်မျိုးလိမ့်ကျစေ ရန်တွင်းကိုတူးကြပါပြီ။ ကျွန်ုပ်အတွက် ထောင်ချောက်ကိုဆင်ကြပါပြီ။-
2 Corinthians 4:17ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။-
Hebrews 4:9သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။-