Psalms 94:17
အကယ်၍ထာဝရဘုရားသာလျှင်ငါ့အား ကူမတော်မမူခဲ့သော် ငါသည်ဆိတ်ညံရာအရပ်သို့အလျင်အမြန် ရောက်ရမည်သာဖြစ်ပေသည်။
Common Language Bible
In The King James Version
Unless the LORD had been my help, my soul had almost dwelt in silence.
In Context
Cross References
Psalms 31:17အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။
Psalms 118:13ငါသည်ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံရ၍ အရေးရှုံးနိမ့်နေသော်လည်း ထာဝရဘုရားသည်ငါ့ကိုကူမတော်မူ၏။
Psalms 125:1ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
John 16:32သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
2 Timothy 4:16ငါ၏အမှုကိုပထမအကြိမ်စစ်ဆေးရာတွင် ငါ့ ကိုထောက်ခံရန်အဘယ်သူမျှမလာကြ။ လူတိုင်း ပင်ငါ့ကိုစွန့်ပစ်သွားကြ၏။ ထိုသူတို့ဤသို့ပြု ကြသည်ကိုသခင်ဘုရားသည်သူတို့၏အပြစ် ကိုမှတ်တော်မမူပါစေနှင့်။-