Psalms 95:7
ကိုယ်တော်သည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော် စောင့်ရှောက်တော်မူသောသူများ၊ကိုယ်တော် ကျွေးမွေးတော်မူသောသိုးစုဖြစ်ကြ၏။ ကိုယ်တော်မိန့်တော်မူသောစကားကို ယနေ့နားထောင်ကြလော့။
Common Language Bible
In The King James Version
In Context
Cross References
Psalms 23:1ထာဝရဘုရားသည်သိုးထိန်းတော်မြတ်ဖြစ်၍ ငါ့ကိုစောင့်ထိန်းတော်မူ၏။ ထို့ကြောင့်ငါသည်လိုသမျှကိုရရှိ၏။
Psalms 67:6မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။
Psalms 79:13ထိုအခါသိုးစုတော်တည်းဟူသောကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သည့်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ ပါမည်။ သားစဉ်မြေးဆက်ဂုဏ်တော်ကိုချီးကူးကြ ပါမည်။
Psalms 115:3ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
Isaiah 40:10ထာဝရအရှင်ဘုရားသခင်သည် မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍ တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။