Psalms 96:11
အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။ အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိ သတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။
Common Language Bible
In The King James Version
Let the heavens rejoice, and let the earth be glad; let the sea roar, and the fulness thereof.
In Context
Cross References
1 Chronicles 16:32ပင်လယ်နှင့်ပင်လယ်ထဲတွင်ရှိသမျှသော သတ္တဝါတို့၊ မြည်ဟည်းသံကိုပြုကြလော့။ ပင်လယ်နှင့်လယ်ပြင်တွင်ရှိသမျှသောအရာတို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။
Psalms 97:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
Psalms 148:1ထာဝရဘုရားအားထောမနာပြုကြလော့။ အထက်ဘဝဂ်ဝယ်နေထိုင်သူတို့၊ကောင်းကင် ဘုံမှ ထာဝရဘုရားအားထောမနာပြုကြလော့။
Isaiah 49:13အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
Luke 2:13ထိုကောင်းကင်တမန်အနီးတွင်များစွာသော ကောင်းကင်ဗိုလ်ခြေတို့သည်ရုတ်တရက်ပေါ် လာ၍၊ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက်
Revelation 12:12သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။