Psalms 96:5
အခြားလူမျိုးအပေါင်းတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
Common Language Bible
In The King James Version
For all the gods of the nations are idols: but the LORD made the heavens.
In Context
Cross References
Psalms 8:4သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
Psalms 115:15ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
Psalms 135:18ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကို ကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
Isaiah 42:5ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
Isaiah 46:1ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပေတည်း။ အခါတစ်ပါးကလူတို့သည်ဗေလဘုရား နှင့်နေဗော ဘုရားတို့ကိုကိုးကွယ်ဝတ်ပြုခဲ့ကြ၏။ ယခုအခါ၌သူတို့ကိုမြည်းများပေါ်တွင် တင်၍၊ မောပန်းနေသည့်တိရစ္ဆာန်များသယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြ၏။
Jeremiah 10:11(အချင်းလူတို့၊ ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင် ကိုမဖန်ဆင်းသည့်ဘုရားများသည်မိုးကောင်း ကင်အောက်မှလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်မှ လည်းကောင်းကွယ်ပျောက်မည်ဖြစ်ကြောင်းထို သူတို့အားပြောကြားရကြမည်။)