The Bible Software
bible.software › Psalms › Psalms 98 › Psalms 98:4

Psalms 98:4

ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သီ​ချင်း​များ​ကို​ဆို​၍​ဝမ်း​မြောက်​စွာ​ကြွေး ကြော်​လျက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

Common Language Bible

In The King James Version

Make a joyful noise unto the LORD, all the earth: make a loud noise, and rejoice, and sing praise.

In Context

3ကိုယ်​တော်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​နှင့်​အ​ညီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထား​တော်​မူ​သော က​တိ​တော်​ကို​တည်​စေ​တော်​မူ​၏။ အ​ရပ်​တ​ကာ​ရှိ​လူ​အ​ပေါင်း​တို့​သည်​ငါ​တို့ ဘု​ရား​၏ အောင်​ပွဲ​ကို​တွေ့​မြင်​ကြ​ရ​လေ​ပြီ။

5ထော​မ​နာ​သီ​ချင်း​ကို​ဆို​ကာ​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​များ​ကို​တီး​၍​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။

Read all of Psalms 98

Cross References

Psalms 66:1လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား​ဝမ်း​မြောက်​စွာ အော်​ဟစ်​၍​ထော​မ​နာ​ပြု​ကြ​လော့။

Psalms 67:4ကိုယ်​တော်​ရှင်​သည်​လူ​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။

Psalms 95:1လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ကြ​ကုန်​အံ့။ ငါ​တို့​ခို​လှုံ​ရာ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။

Psalms 100:1အို ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ သီ​ချင်း​ဆို​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို ချီး​မွမ်း​ကြ​လော့။

Isaiah 42:11တော​ကန္တာ​ရ​နှင့်​ထို​အ​ရပ်​ရှိ​မြို့​များ​သည် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကေ​ဒါ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ သေ​လ​မြို့​သူ​မြို့​သား​တို့​သည်​တောင်​ထိပ်​များ​မှ​နေ​၍ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​စေ။

Jeremiah 33:11ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊ `အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 98:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 98:3Psalms 98Psalms 98:5 →