Psalms 99:6
မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။ သူတို့သည်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 14:15ထာဝရဘုရားကမောရှေအား``အဘယ် ကြောင့်သင်တို့ဟစ်အော်နေကြသနည်း။ ဣသရေလအမျိုးသားတို့အားရှေ့သို့ ချီတက်စေလော့။-
Exodus 17:4ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။
Exodus 29:11ငါစံရာတဲတော်တံခါးဝ၊ ငါ၏ရှေ့တော်တွင် နွားကိုသတ်ရမည်။-
Exodus 32:30နောက်တစ်နေ့တွင်မောရှေက ဣသရေလ အမျိုးသားတို့အား``သင်တို့သည်ကြီးလေး သောပြစ်မှုကူးလွန်ခဲ့ကြပြီ။ ယခုငါသည် ထာဝရဘုရားရှိတော်မူရာတောင်ပေါ်သို့ တက်မည်။ သင်တို့၏အပြစ်ကိုလွှတ်ရန် ထာဝရ ဘုရားအားတောင်းပန်၍ရကောင်းရလိမ့်မည်'' ဟုဆိုလေ၏။-
Exodus 40:23ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။-
Numbers 14:13ထိုအခါမောရှေကထာဝရဘုရား အား``ကိုယ်တော်သည်ဤလူမျိုးကိုတန်ခိုး တော်အားဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့ပါသည်။ အီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏လူမျိုးတော်အား ကိုယ်တော်ဘေး ဒဏ်သင့်စေကြောင်းကြားရသောအခါ၊-